ချစ်သူသက်တမ်းတစ်လျှောက်ကနေ ဘဝတစ်ခုကို အတူတူတည်ဆောက်ဖို့ ခြေလှမ်းစတင်လိုက်တဲ့အချိန်မှာ “မင်္ဂလာလက်စွပ်” ဆိုတာ သမီးရည်းစားဘဝရဲ့ အမှတ်တရတင်မကဘဲ တစ်သက်တာလုံး အတူလက်တွဲသွားကြမယ့် ကတိသစ္စာရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

တစ်သက်မှာ တစ်ခါသာ ရွေးချယ်ရမယ့် မင်္ဂလာလက်စွပ်ကို ဝယ်ယူတော့မယ်ဆိုရင် နောင်တမရစေဘဲ စိတ်တိုင်းကျပြီး အနှစ်သက်ဆုံးဖြစ်စေဖို့အတွက် မဖြစ်မနေသိထားသင့်တဲ့ ရှောင်ရန်၊ ဆောင်ရန်နဲ့ သတိထားရမယ့်အချက်တွေ ကို စုစည်းမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

၁။ ဆောင်ရန်အချက်များ – စမတ်ကျကျ ရွေးချယ်စို့

  • ဘတ်ဂျက်အရင်သတ်မှတ်ပါ: မင်္ဂလာပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွေ ရှိနေတာမို့ လက်စွပ်မဝယ်ခင်မှာ ကိုယ်ဘယ်လောက်အထိ အသုံးပြုမလဲဆိုတာ နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားပါ။ ဒါမှ ဘတ်ဂျက်အတွင်းမှာ အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ဒီဇိုင်းကို အချိန်မကုန်ဘဲ ရွေးချယ်နိုင်မှာပါ။
  • Lifestyle (နေထိုင်မှုပုံစံ) နှင့် ကိုက်ညီပါစေ: မင်္ဂလာလက်စွပ်ဟာ ပွဲတက်မှ ဝတ်မှာမဟုတ်ဘဲ နေ့စဉ်ရက်ဆက် ဝတ်ဆင်ထားမယ့်အရာပါ။ ဒါကြောင့် ကိုယ်က အလုပ်ကြမ်းလုပ်ရသူလား၊ ကွန်ပျူတာ အမြဲရိုက်ရသူလား၊ ဟင်းချက်/အိမ်အလုပ် လုပ်ရသူလားဆိုတာပေါ် မူတည်ပြီး ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိမယ့် ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။
  • နှစ်ဦးသဘောတူ Couple Rings စုံတွဲဒီဇိုင်းကို ဦးစားပေးပါ: တစ်ဦးတည်းအကြိုက်ထက် မောင်နှံနှစ်ဦးလုံးရဲ့ လက်ချောင်းပုံစံ၊ အသားအရောင်တွေနဲ့ လိုက်ဖက်ပြီး ဝတ်ဆင်ထားရင် စုံတွဲလေးမှန်း သိသာစေမယ့်  လက်စွပ်မျိုးကို အတူတူတိုင်ပင်ပြီး ရွေးချယ်ပါ။
  • ဘယ်ရွှေရည် အမျိုးအစားကို ရွေးမလဲ: ရေရှည်ဝတ်ဆင်မှာဖြစ်လို့ အကြမ်းခံဖို့ လိုအပ်ပါတယ်။ အခေါက်ရွှေ (24K) ဟာ ပျော့ပျောင်းတဲ့ သဘာဝရှိတာမို့ နေ့စဉ်ဝတ်ရင် ပုံပျက်လွယ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာလက်စွပ်တွေအတွက်ဆိုရင် မာကျောခိုင်ခံ့ပြီး ခေတ်မီတဲ့ ဒီဇိုင်းအမျိုးမျိုး ဖန်တီးလို့ရတဲ့ “၁၄ ပဲ ၂ပြားရည် “ ကို ရွေးချယ်တာက အသင့်တော်ဆုံး ဖြစ်ပါတယ်။

၂။ ရှောင်ရန်အချက်များ – အမှားမရှိရအောင် သတိပြုစို့

  • ခေတ်စားတဲ့ Trends နောက်တစ်ခုတည်း လိုက်ခြင်းကို ရှောင်ပါ: အခုလက်ရှိ ခေတ်စားနေတဲ့ ဒီဇိုင်းဆန်းတွေက လှပပေမဲ့ နှစ်အနည်းငယ်ကြာတဲ့အခါ ရိုးသွားတတ်ပါတယ်။ မင်္ဂလာလက်စွပ်ဆိုတာ ဆယ်စုနှစ်များစွာ ဝတ်ရမှာဖြစ်လို့ ဘယ်တော့မှရိုးမသွားဘဲ အမြဲတင့်တယ်နေမယ့် “Classic Design (သို့) Minimalist Design” မျိုးကို ရွေးချယ်တာက အစိတ်ချရဆုံးပါ။
  • ကျောက်အထည်ကြီးလွန်းတာ သို့မဟုတ် အချွန်အတက်များတာကို ရှောင်ပါ: ကျောက်မျက်ရတနာ သို့မဟုတ် စိန်ပွင့် အချွန်အတက်ကြီးမားတဲ့ လက်စွပ်တွေဟာ ကြည့်ရင် အရမ်းလှပပေမဲ့ နေ့စဉ်ဝတ်တဲ့အခါ အဝတ်အစားတွေနဲ့ ငြိတာ၊ ခြစ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဝတ်ဖို့အတွက်ဆိုရင် ခိုင်ခံ့ပြီး ကျောက်မြုပ်ထားတဲ့ ပုံစံမျိုး (သို့) ရွှေပြောင်ဆန်းတွေကို ပိုမိုရွေးချယ်သင့်ပါတယ်။
  • ဆိုင်ရဲ့ စံချိန်စံညွှန်းနဲ့ ဘောက်ချာကို မေ့လျော့ခြင်း ရှောင်ပါ: ရွှေရည်မမှန်တာ၊ အလေးချိန်မပြည့်တာမျိုး မဖြစ်ရအောင် ရေရှည်ခိုင်မာပြီး သမိုင်းကြောင်းရှိတဲ့ ရွှေဆိုင်ကြီးတွေမှာသာ ဝယ်ယူပါ။ ဝယ်ယူပြီးရင်လည်း ဆိုင်ရဲ့ “အာမခံဘောက်ချာ” ကို စနစ်တကျ သိမ်းဆည်းဖို့ လုံးဝမမေ့ပါနဲ့။

မိသားစုရွှေဆိုင်၏ မင်္ဂလာဆုတောင်း မင်္ဂလာလက်စွပ်ဆိုတာ ဝယ်ယူတဲ့နေ့ကစလို့ သက်ဆုံးတိုင်အောင် မေတ္တာစစ်တွေကို သတိရနေစေမယ့် သက်သေတစ်ခုပါ။

မင်္ဂလာမောင်နှံတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာလက်စွပ်လေးတွေကို စိတ်တိုင်းကျဖြစ်စေဖို့ ခေတ်မီစုံတွဲလက်စွပ် ဒီဇိုင်းပေါင်းများစွာကို ရွှေရည်မှန်၊ အလေးချိန် တိကျပွင့်လင်းစွာနဲ့ ကျွန်တော်တို့ မိသားစုရွှေဆိုင် က ကူညီရွေးချယ်ပေးဖို့ အမြဲအဆင်သင့် ရှိနေပါတယ်ခင်ဗျာ။ ဘဝခရီးလမ်းတစ်ခုလုံးကို အောင်မြင်ပျော်ရွှင်စွာဖြင့် အတူလက်တွဲ ဖြတ်သန်းနိုင်ကြပါစေ။