ကျွန်တော်တို့ နေ့စဉ် ကြားနေရတဲ့ ကုန်ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးတန်ဖိုးတွေ တစ်နေ့တခြား ပြောင်းလဲနေတာတွေဟာ ငွေကြေးဖောင်းပွမှုရဲ့ ပြဒါးတိုင်တွေပဲ ဖြစ်ပါတယ်။ ဒီလို စီးပွားရေးမုန်တိုင်းတွေ ဘယ်လောက်ပဲ တိုက်ခတ်ပါစေ… ဆယ်စုနှစ်ပေါင်းများစွာကတည်းက ယနေ့တိုင် တန်ဖိုးမပျက်ဘဲ အခိုင်မာဆုံး ရပ်တည်နေနိုင်တာကတော့ “ရွှေ” ပဲ ဖြစ်ပါတယ်။

ဧည့်သည်တော်တို့ ကြိုးစားစုဆောင်းထားတဲ့ မိသားစုရဲ့ မိခင်ငွေပမာဏ တန်ဖိုးမကျန်ရစ်စေဖို့ ရွှေကို ဘာကြောင့် မဖြစ်မနေ ရွေးချယ်သင့်သလဲဆိုတဲ့ လျှို့ဝှက်ချက် (၃) ချက်ကို မျှဝေပေးပါရစေ။

၁။ ရွှေသည် ကမ္ဘာဦးကတည်းက “စစ်မှန်သော ဓနဥစ္စာ” ဖြစ်ခြင်း

ငွေစက္ကူဆိုတာ အစိုးရနဲ့ ဗဟိုဘဏ်တွေကနေ လိုအပ်သလို ထုတ်ဝေလို့ရတဲ့အရာ ဖြစ်တာကြောင့် အချိန်မရွေး ဖောင်းပွသွားနိုင်ပါတယ်။ ဒါပေမဲ့ ရွှေကတော့ ကမ္ဘာမြေကြီးထဲကနေ အကန့်အသတ်နဲ့သာ တူးဖော်ရရှိတဲ့ သဘာဝသယံဇာတ စစ်စစ်ဖြစ်ပါတယ်။ ဝယ်လိုအားက အမြဲရှိပြီး ထုတ်လုပ်နိုင်စွမ်းက ကန့်သတ်ချက်ရှိနေတာကြောင့် ရွှေရဲ့တန်ဖိုးဟာ ဘယ်တော့မှ သုည  ဖြစ်မသွားဘဲ သူရဲ့တန်ဖိုးအတိုင်း ခိုင်မာစွာတည်ရှိနေမှာဖြစ်ပါတယ်။

၂။ ဘဏ်စနစ်နှင့် စီးပွားရေးအကျပ်အတည်းများကြားတွင် “စိတ်အအေးရဆုံး ပိုင်ဆိုင်မှု” ဖြစ်ခြင်း

ရှယ်ယာတွေ၊ ငွေစုစာအုပ်တွေနဲ့ အွန်လိုင်းငွေကြေးစနစ်တွေဟာ နည်းပညာ သို့မဟုတ် ဘဏ်လုပ်ငန်း မတည်ငြိမ်မှုတွေ ကြုံရတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ရွှေကတော့ မိမိလက်ထဲမှာ ကိုင်တွယ်ထိန်းသိမ်းထားလို့ရတဲ့ ဒြပ်ရှိပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေတွေ ဘယ်လောက်ပဲ ကမောက်ကမဖြစ်ပါစေ၊ မိမိအိမ်မှာ စနစ်တကျ သိမ်းဆည်းထားရုံနဲ့တင် စိတ်အေးချမ်းသာမှု ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

၃။ နေရာမရွေး၊ အချိန်မရွေး “ချက်ချင်း လက်ငင်းငွေ” ပြန်ဖြစ်နိုင်ခြင်း

အိမ်ခြံမြေ သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံမှုတွေဟာ အရေးပေါ် ငွေလိုတဲ့အခါ ချက်ချင်းထုတ်ရောင်းဖို့ ခက်ခဲတတ်ပြီး အချိန်ယူရလေ့ရှိပါတယ်။ ရွှေကတော့ ကမ္ဘာတစ်ဝန်းကပါ အသိအမှတ်ပြုထားတဲ့ အမြင့်မားဆုံးသော “လက်ငင်းငွေဖြစ်လွယ်မှု” ရှိတဲ့အရာပါ။ မိမိတို့ ယာယီငွေကြေး အခက်အခဲရှိချိန်မှာ မိနစ်ပိုင်းအတွင်း ငွေသားအဖြစ် ပြောင်းလဲနိုင်သလို၊ လိုအပ်ရင်လည်း အပေါင်စနစ်နဲ့ ခတ္တအလှည့်အပြောင်း ပြုလုပ်နိုင်ပါတယ်။

မိသားစုရွှေဆိုင်၏ အကြံပြုချက် ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ဖို့ ရွှေဝယ်စုတော့မယ်ဆိုရင် အနာဂတ်မှာ ပြန်လည်ရောင်းချတဲ့အခါ အရှုံးအနည်းဆုံးနဲ့ အမြတ်အစွန်းအပြည့်အဝရမယ့် “အခေါက်ရွှေတုံး” များကို ဦးစားပေးဝယ်ယူသင့်ပြီး၊ အလှလည်းဝတ်ရင်း စုလည်းစုချင်တယ်ဆိုရင်တော့ အလျော့တွက်မပါ လက်ခသာ ကျသင့်တဲ့ အခေါက်လက်ကောက်,လက်စွပ်များပြုလုပ်ပြီးလဲ ဝတ်ဆင်နိုင်ပါတယ်ခဗျာ။