တောက်ပစွဲမက်ဖွယ် ပတ္တမြားကျောက်အဝိုင်းကို အလယ်တွင် ဗဟိုပြု၍ စိန်ရံအဝိုင်း နှစ်ထပ်ပတ် လက်ရာအပြင် အပေါ်ပိုင်းတွင် စိန်ပန်းပွင့်လေးဖြင့် ဖန်တီးထားသည့် စိန်နားဆွဲလေး ဖြစ်ပါတယ်။
ခန်းနားဆန်းသစ်သော ပုံသဏ္ဌာန်ကြောင့် မြန်မာဝတ်စုံများနှင့်ရော ပွဲတက်ဝတ်စုံများနှင့်ပါ တင့်တယ်ထည်ဝါစွာ လိုက်ဖက်ညီစေမှာပါ။