ကျက်သရေရှိလှသော Oval ပုံ ခရမ်းစွဲကျောက်၏ နက်ရှိုင်းသောအလှနှင့် အနုစိတ်ပန်းနွယ်ကွက်များအဖြစ် စိန်ပွင့်များ ရံခြယ်ထားသည့် "ပန်းနွယ်ဒီဇိုင်း စိန်ဆွဲသီး"
အလယ်ဗဟိုတွင် Oval Cut ခရမ်းစွဲကျောက် (Amethyst) ကို တည်ထားပြီး၊ ဘေးပတ်လည်၌ နူးညံ့ကျော့ရှင်းသော ပန်းနွယ်ခွေ လက်ရာများတွင် စိန်ပွင့်များကို စနစ်တကျ အပြည့်ကွပ်စိုက်ဖန်တီးထားသည့် အဆင့်မြင့် စိန်ထည် ဖြစ်ပါသည်။ဆွဲသီး (Pendant) အဖြစ် သာမက ရင်ထိုး (Brooch) အဖြစ်ပါ ၂ မျိုးစလုံး တင့်တယ်စွာ ဆင်မြန်းနိုင်မည်ဖြစ်ရာ မင်္ဂလာဧည့်ခံပွဲများနှင့် အခမ်းအနားများအတွက် အထူးပင် သင့်တော်ပါသည်။