ချစ်စဖွယ် ပန်းပွင့်ပုံသဏ္ဌာန် အနုစိတ်အပွင့်လေးများကို ပတ်ပတ်လည် သပ်ရပ်စွာ စီရီပုံသွင်းထားသည့် ပန်းပွင့်ပတ်လည် ဒီဇိုင်းလေးပါ။ပန်းပွင့်တစ်ပွင့်စီ၏ အနုစိတ်ကတ်တောက်လက်ရာများကြောင့် တစ်ကွင်းတည်း ဝတ်ဆင်လျှင်လည်း တင့်တယ်သလို ပွဲတက်ချိန်များတွင် ဆင်မြန်းရန်အတွက်ပါ ကျက်သရေတိုးစေမည့် ရွှေအနုလက်ရာမွန်လေး ဖြစ်ပါတယ်။