ကျောက်ဖြူလေးများကို ခရုပတ်ပုံစံ၊ လှိုင်းတွန့်စင်းကြောင်းများအတိုင်း တစ်ပွင့်ချင်း စေ့စပ်သေချာစွာ စီခြယ်ထားပြီး ထည်ဝါဆန်းသစ်လှပတဲ့ ဆွဲသီးဒီဇိုင်းကြီး ဖြစ်ပါတယ်။ဗဟိုချက်ကနေ ဘေးပတ်လည်ကို စီးဆင်းသွားတဲ့ လှိုင်းတွန့်ပုံစံ ဖန်တီးမှုကြောင့် မည်သည့်ထောင့်ကပဲကြည့်ကြည့် ကွက်တိ တောက်ပနေမှာဖြစ်ပြီး မိမိရဲ့ ပွဲတက် Look ကို ပိုမိုခန့်ညားထည်ဝါပြီး အရှိန်အဝါရှိရှိ ကျော့ရှင်းနေစေမှာပါ။