ရဲစိုပြေနေတဲ့ အနီရောင်ကျောက်အလယ်ပွင့်ကိုမှ ကျောက်ဖြူရံလိုင်း နှစ်ထပ်နဲ့ နေမင်းပွင့်သဏ္ဌာန် ဗဟိုပြုမွမ်းမံထားတဲ့ လက်စွပ်။ဘေးပခုံးကိုယ်ထည်ကိုပါ ကွဲလိုင်းဒီဇိုင်းနဲ့ ကျောက်စီပုံဖော်ထားလို့ လက်ချောင်းထက်မှာ ပမာဏအပြည့်နဲ့ သိသိသာသာ တင့်တယ်ဝင့်ထည်ပြီး တော်ဝင်ဆန်တဲ့ အရှိန်အဝါကို ပေးစွမ်းမယ့် လက်ရာဆန်းလေး ဖြစ်ပါတယ်။