အလယ်ဗဟိုလုံးဝန်းတဲ့ ရွှေလုံးမျက်နှာပြင်ထက် ကျောက်ဖြူလေးတွေကို အပြည့်စီခြယ်ထားကာ ဘေးပတ်လည်ကိုယ်ထည်မှာလည်း ကျောက်ဖြူတန်းလေးတွေနဲ့ အဆင့်ဆင့် ပင့်မပေးထားတဲ့ ရွှေလုံးကျောက်စီဒီဇိုင်းလက်စွပ်ဖြစ်ပါတယ်။လှုပ်ရှားလိုက်တိုင်း ဘက်ပေါင်းစုံကနေ ရောင်ပြန်ဟပ် တောက်ပနေမယ့် ကျောက်စီလက်ရာက ဝတ်ဆင်ထားသူရဲ့ သန့်ပြန့်ပြီး အထက်တန်းကျတဲ့ ရွေးချယ်မှုကို ပေါ်လွင်နေစေမှာ ဖြစ်ပါတယ်။