ရှေးရိုးရာ မောင်းပုံစံ (ဒိုင်းဒီဇိုင်း) ရဲ့ ခန့်ညားမှုကို ခေတ်မီဇိမ်ခံစတိုင်လ်အဖြစ် အသွင်ပြောင်းလဲဖန်တီးထားတဲ့လက်စွပ်။အလယ်က ဝိုင်းဝန်းပြောင်စင်တဲ့ ရွှေမောင်းကွင်းမျက်နှာပြင်ရဲ့ အရှိန်အဝါကို ဘေးပတ်လည်က ကျောက်ဖြူရံလိုင်းတွေနဲ့ ထပ်ဆင့်ပံ့ပိုးပေးထားလို့ အမြင်တစ်မျိုးဆန်းပြီး အဆင့်အတန်းမြင့်မားမှုကို ဖော်ဆောင်ပေးမယ့် High-End လက်ရာပဲဖြစ်ပါတယ်။