မြန်မာ့ရိုးရာပန်းထိမ်လက်ရာ အနုစိတ်ဖန်တီးမှုနဲ့အတူ အောက်ခြေမှာ ရွှေနန်းကြိုးဆွဲလှုပ်လေးတွေ တန်းစီချိတ်ဆွဲထားတဲ့ ကျက်သရေရှိလှတဲ့ မင်းကတော်ဆွဲသီးလေးပါ။ရွှေသားရဲ့ ဝင်းပစိုပြေမှုနဲ့ လှပတဲ့ဆွဲလှုပ်ဒီဇိုင်းတို့ ပေါင်းစပ်ထားတာကြောင့် ရိုးရာဝတ်စုံတွေနဲ့ပဲဖြစ်ဖြစ်၊ ပွဲတက်ဖက်ရှင်တွေနဲ့ပဲဖြစ်ဖြစ် တွဲဖက်ဆင်မြန်းလိုက်ရုံနဲ့ အထက်တန်းကျပြီး ခန့်ညားထည်ဝါတဲ့ အသွင်ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။