လက်ကောက်ကျောပြင်အပြားပေါ်တွင် သဘာဝလိပ်ပြာလေးများနှင့် ပန်းပွင့်အကွက်ဆန်းလေးများကို ရောယှက်ပုံဖော်ပေးထားသည့် လိပ်ပြာပန်းပွင့် အလွှဲ (ကလေး) လက်ကောက်လေးပါ။အလင်းရောင်နှင့် ထိတွေ့လိုက်တိုင်း ပန်းခက်နှင့် လိပ်ပြာပုံစံ ရွှေစက်ဖြတ်ရာလေးများ၏ ပြိုးပြက်တောက်ပမှုကြောင့် ကလေးငယ်၏ လက်ကောက်ဝတ်ပေါ်တွင် သက်ဝင်လှပပြီး ကျက်သရေရှိစွာ ပေါ်လွင်နေမှာပါ။