အလယ်တွင် စက်ဖြတ်ကွက်ဆန်း ပုံဖော်ထားသည့် ရွှေပြားအဝိုင်းလေးကို ဗဟိုပြု၍ ဘေးတစ်ဖက်တစ်ချက်၌ ရွှေဘောလုံးလေးများ သီကုံးပေးထားပြီး အသည်းပုံစံ ရွှေဆွဲသီးလေး တွဲလောင်းပါရှိသည့် အပြားစက်ဖြတ်ကလေးလက်ကောက်။အပြားစက်ဖြတ်၊ ဘောလုံးစေ့နှင့် အသည်းဆွဲသီး စသည့် ဒီဇိုင်းဆန်းများကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားသဖြင့် အလွန်တန်ဖိုးရှိလှသော ရွှေအနုလက်ရာမွန်လေး ဖြစ်ပါတယ်။