နားကပ်တစ်ဖက်စီတွင် စိန် ၇ ပွင့်စီဖြင့် အလယ်ဗဟို စိန်တစ်ပွင့်ကို ဘေးပတ်လည်မှ စိန် ၆ ပွင့်ဖြင့်စုစည်းထားပြီး၊ အပြင်ဘောင်တွင် ရွှေအဝါရောင် ရွဲခွက်လိုင်းဖြင့် သပ်ရပ်စွာ ဝန်းရံကွပ်စိုက်ထားသည့် နားကပ် ဖြစ်ပါသည်။ ရွဲပျောက်ဒီဇိုင်း၏ သိမ်မွေ့မှု၊ ခေတ်ဆန်းစမတ်ကျမှုနှင့် ဆန်းသစ်သော အလှတရားကို အပြည့်အဝ ပေါ်လွင်စေပါသည်။