စိန် ၁၆ ပွင့် (တစ်ဖက် ၈ ပွင့်စီ) ၏ လင်းလတ်တောက်ပသော အရောင် နှင့် အိန္ဒိယစတိုင် ရွှေထည်အကွေးအကောက် လက်ရာတို့ ဟန်ချက်ညီစွာ ပေါင်းစပ်ထားသော စိန်နားဆွဲလေး ဖြစ်ပါတယ်။
ယဉ်ကျေးမှုနှင့် ခေတ်မီဆန်းသစ်မှုတို့ ပေါင်းစပ်ထားသည့် ဒီဇိုင်းဖြစ်၍ ဝတ်ဆင်သူ၏ ကျက်သရေရှိပြီး ထည်ဝါသော ပုံရိပ်ကို ပိုမိုတောက်ပ ထိရောက်စေမှာ ဖြစ်ပါတယ်။