နားကပ်တစ်ဖက်စီတွင် စိန် ၁၇ ပွင့်စီဖြင့် ကြာပလွှာ ပုံသဏ္ဌာန်များအတွင်း အနုစိတ် မွမ်းမံထားသည့် ပုံဆန်းချယ်နားကပ် ဖြစ်ပါသည်။ ကြာပွင့်လွှာ အစိတ်အပိုင်အလိုက် စိန်ဖြူဖြူတို့၏ တောက်ပမှုနှင့် ရွှေသား၏လင်းလတ်မှုတို့ကို တွဲဖက်ထားသည်။ ကြာပွင့်ပုံစံကို ခေတ်ဆန်းစမတ်ကျကျ ဖန်တီးထားပြီး ဝတ်ဆင်သူ၏ ဂုဏ်သရေနှင့် ထင်းလင်းသော အလှတရားကို အပြည့်အဝ ပေါ်လွင်စေပါသည်။