ရွှေဝါရောင် ပန်းပွင့်ဖတ်တွေကိုဖောက်ထွင်းလိုင်းကြောင်းတွေနဲ့ ပုံဖော်ထားပြီး၊ ပန်းပွင့်ဖတ်ထိပ်လေးတွေနဲ့ အလယ်ဝတ်ဆံနေရာမှာ ငွေရောင် (White Gold) သုံးထားတဲ့ ခြောက်ပွင့်ဆိုင် ပန်းပွင့်ပုံစံဆွဲသီးအကြီးစားTwo-colour ဒီဇိုင်း ဖြစ်ပါတယ်။အဝေးက ကြည့်ရင်တောင် ထင်ထင်ရှားရှား ပေါ်လွင်စေမယ့် ဆွဲသီးဒီဇိုင်းမျိုး ဖြစ်ပြီး၊ အသက်အရွယ်မရွေး အရေးကြီးပွဲလမ်းသဘင်တွေအထိ ခန့်ခန့်ထည်ထည် ဝတ်ဆင်နိုင်ပါတယ်။