ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ YSL (Yves Saint Laurent) ရဲ့ Monogram အတိုကောက်စာလုံးဒီဇိုင်းကိုမှ အောက်ကနေ ရွှေဆွဲကြိုးစတန်းရှည် (Tassel) တွဲလောင်းလေးနဲ့ ဆွဲဆောင်မှုရှိရှိ ဖန်တီးထားတဲ့ဆွဲသီးလေးပါ။သင့်ရဲ့ လှုပ်ရှားမှုတိုင်းမှာ လိုက်ပါယိမ်းနွဲ့ရင်း ကျော့ရှင်းသွယ်လျတဲ့ အလှတရားကို ထူးထူးခြားခြား ပေးစွမ်းပြီး အမြင်ဆန်းသစ်တာမို့ ညစာစားပွဲတက် အခမ်းအနားတွေကအစ Luxury ဆန်တဲ့ ဖက်ရှင် Outfits တွေအထိ စမတ်ကျကျ တွဲဖက်ဆင်မြန်းနိုင်ပါတယ်။