ပါးလွှာပြေပြစ်သော ရွှေကြိုးပါးလေး၏ အလယ်ဗဟို၌ စိန်ပွင့်ငယ်များဖြင့် ပုံဖော်ထားသည့် ကြယ်ပွင့်ငယ် (၃) ပွင့်ကို သပ်ရပ်စွာ အစီအရီ တွဲဖက်ထားသည့် ချစ်စဖွယ် ခေတ်မီစိန်ဆွဲကြိုး ဖြစ်ပါသည်။ လူငယ်ဆန်ဆန် လှပပြီး ဝတ်ဆင်သူ၏ လည်ပင်းတဝိုက်တွင် သိမ်မွေ့ယဉ်ကျေးသော အလှတရားကို ပိုမိုထင်းလင်းစေပါသည်။