ခရမ်းရင့်ရောင် ခရမ်းစွဲ ကျောက်ကို ဗဟိုပြု၍ ဘေးလက်ကောက်ဘောင်များတွင် ပန်းနွယ်ပုံစံ အနုစိတ်ကောက်ကြောင်းများဖြင့်ဖန်တီးထားသည့် စိန်ခရမ်းစွဲ လက်ကောက်လေး ဖြစ်ပါတယ်။
ခန်းနားထည်ဝါပြီး မိန်းမပျိုတို့၏ သိမ်မွေ့ကျက်သရေကို ပေါ်လွင်စေသော ဒီဇိုင်းဖြစ်၍ မြန်မာဝတ်စုံများနှင့်ရော အခမ်းအနား ပွဲတက်ဝတ်စုံများနှင့်ပါ အပြည့်အဝ လိုက်ဖက်ညီစေမှာပါ။