တောက်ပတဲ့အနီရောင်ပတ္တမြားနဲ့ အေးမြတဲ့အစိမ်းရောင်မြကျောက်တို့ကို ပန်းပွင့်ဖတ်လေးတွေလို အပြန်အလှန်ကျနစွာစီခြယ်ပြီး ကြက်ခြေခတ်အဖြစ်ပုံဖော်ထားတဲ့ ဆွဲသီးလေးပါ။ကျောက်မျက်နှစ်မျိုးရဲ့ ထည်ဝါစိုပြေတဲ့ အရောင်အသွေး ပေါင်းစပ်မှုကြောင့် အများကြားမှာ ကိုယ့်ရဲ့အလှတရားကို ပိုမိုထင်ရှားပေါ်လွင်ပြီး ကျော့ရှင်းလှပနေစေပါလိမ့်မယ်။