နူးညံ့တဲ့ လှိုင်းတွန့် (S-shape) ကွေ့ကောက်ပုံစံ ရွှေရောင်လိုင်းလေးတွေပေါ်မှာ ကျောက်ဖြူလေးတွေ အစီအရီနဲ့ ဝင်းပနေအောင် ဖန်တီးထားတဲ့ ခေတ်ဆန်ဆန် ဆွဲသီးဒီဇိုင်းအမိုက်စားလေးပါ။ရိုးရိုးကြီးမဟုတ်ဘဲ ခေတ်မီပြီး အမြင်ဆန်းတဲ့ တွန့်လိမ်ပုံစံ ဖန်တီးမှုကြောင့် ဘယ်လိုပွဲတက် Outfit မျိုးနဲ့မဆို တွဲဖက်လိုက်တာနဲ့ သင့်ရဲ့ Look ကို ပိုပြီး ကျော့ရှင်းလှပကာ ထင်းခနဲ စမတ်ကျနေစေမှာပါ။