ထူထဲတဲ့ရွှေထုထည်တွေကြားထဲကနေ ကွဲထွက်ပြီးဇာကွက်ဖောက်ထွင်းလက်ရာ အနုစိတ်တွေနဲ့လေပြေထဲမှာ လွင့်မျောနေတဲ့လိပ်ပြာလေးတစ်ကောင်ရဲ့ တောင်ပံဖြန့်ကျက် ပျံသန်းတော့မယ့် အလှတရားကို သက်ရှိထင်ရှားပမာ ပုံဖော်ထားတဲ့ ဆွဲသီးဖြစ်ပါတယ်။နူးညံ့ပျော့ပျောင်းပြီး ဆန်းသစ်တဲ့ ဖက်ရှင်စတိုင်လ်ကို နှစ်သက်တဲ့ မမ၊ ညီမလေးတို့ရဲ့ နေ့စဉ်အသွင်အပြင်ကို ပိုမိုတက်ကြွလန်းဆန်းစေမှာပါ။