ဒေါင်လိုက်အစင်းကြောင်း နောက်ခံပေါ်မှာ အလယ်ရွှေလုံးစေ့လေးနဲ့ ဘေးတစ်လျှောက် အနုစိတ်လှပတဲ့ ပန်းခက်ကနုတ်နွယ် ဒီဇိုင်းဆန်းကို သေသပ်စွာ ဖန်တီးထားတဲ့ ရွှေကလစ်။ ခန်းနားထည်ဝါပြီး ကျော့ရှင်းတဲ့ လက်ရာကြောင့် ဆင်မြန်းလိုက်သူတိုင်းကို ရိုးရှင်းစွာနဲ့ ပေါ်လွင်လှပနေစေမှာပါ။